ခင်မင်ရတဲ့ဦးလေးကြီးတစ်ယောက်ကမေတ္တာရပ်ခံခဲ့ဖူးတယ်။

သူ့မိန်းမကရောဂါတွေအကြောင်းပြောသံကြားတိုင်း

သူ့မှာဒီရောဂါလက္ခဏာတွေဖြစ်လာတယ်လို့ထင်မြင်တတ်တဲ့အတွက်……မပြောကြပါနဲ့တဲ့။

အဲ့ဒီတုန်းကတော့-

ဦးလေးကြီးကအချစ်သည်း၊

အန်တီ ကြီးကအဖြစ်သည်းပါ့ဆိုပြီး

ကြိတ်ရယ်ခဲ့ဖူးပါတယ်။

ခုဝဋ်လည် ပြီပေါ့

မိုးလင်းလို့မျက်လုံးဖွင့်တာနဲ့အနံ့ပဲပျောက်သွားသလိုလို

အရသာပဲမသိတော့သလိုလို၊

ကိုယ်ပဲပူချင်နေသလိုလို........လိုလိုများစွာနဲ့

ရဲရင့်အောင်သီချင်းထဲကလို"ငါ့မှာထလို့မရထိုင်လို့မရ ဘယ်သူ့ကိုမှလည်းတိုင်လို့မရ"ဖြစ်ပါပြီကော

(Covid-19)ရေ……

                                                   #DKMMK

Comments

Popular posts from this blog