My Native Town

ငယ်ငယ်ကဇာတိမြေမှာ……
လုပ်ငန်းရှင်စားတဲ့ဆန်မျိုးကိုသူ့အလုပ်သမားလည်းစားတယ်
ငါးလက်ခွာဆိုတဲ့ငါးကိုတစ်ရွာလုံးစားတယ်
အရီး---မုန့်တီဆိုင်အကုန်လုံးထိုင်တယ်
ဒီနေ့ရန်ဖြစ်ညနေပြန်တည့်ကြတယ်
ရွာစာသင်ကျောင်းကိုခြေလျင်ပဲချီတက်ကြတယ်
ဦးလှထူးရဲ့အကြော်ဆိုင်အားလုံးဝယ်စားနိင်တယ်
ဘုန်းကြီးကျောင်းမှာကျောင်းဒကာလည်းကြုံရာထိုင်တယ်
ဆီစည်တွန်းသူလည်းရှေ့မှာထိုင်နိင်တယ်
ဘုန်းတော်ကြီးကလည်း လှူနိင်သူကောမလှူနိင်သူကောစကားလည်းပြော၊တရားလည်းဟောတယ်
နွေရာသီရေရှားတဲ့အခါဘယ်သူမဆိုတွင်းရေစောင့်ခပ်ရတယ်၊သူတစ်ပုံးရရင်ကိုယ်တစ်ပုံးရတယ်
ရာသီစာမှိုပေါ်ရင်တစ်ရွာလုံးမှိုစားတယ်
သောက်ရေရှားတဲ့အခါဘုန်းကြီးကျောင်းရေတွင်းမှာတစ်အိမ်ရေတစ်အိုးရတယ်၊ဘုန်းကြီးအမျိုးမို့ပိုမရဘူး 
ရွာအလှူရှိရင် လူကြီးမိန်းမလည်းဟင်းလာချက်ပေးတယ်
ဘယ်အလှူမဆိုတတ်နိင်သလောက်ဝင်ကူကြတယ်
ဒါတွေပြန်တွေးကြည့်တော့မှ………
ဟ…ငါတို့ငယ်ငယ်ကဟုတ်လှချည်လား…ပေါ့
ခုများတော့ကိုယ့်ရပ်ဌာနေနဲ့ဝေးကွာနှစ်သုံးတယ်ကျော်ကြာခဲ့ပေါ့……
                                                        #DKMMK

Comments

Popular posts from this blog